-
1 Corinthians 9
- 1 ငါသည် လွတ်လပ်သူမဟုတ်ပါလော။ ငါသည် တမန်တော်တစ်ပါးမဟုတ်ပါလော။ ငါသည် ငါတို့၏သခင် ယေဇူးကို ဖူးတွေ့ခဲ့ရသည်မဟုတ်ပါလော။ သင်တို့သည်ကား သခင်ဘုရား၏အမှုတော်ကို ငါထမ်းဆောင်သောကြောင့် ထွက်ပေါ်လာသော အကျိုးရလဒ် မဟုတ်ပါလော။-
- 2 ငါသည် အခြားသူများအတွက် တမန် တော်မဖြစ်လျှင်လည်း သင်တို့အတွက်မူ တမန်တော် ဖြစ်၏။ အကြောင်းမူကား သင်တို့သည် ဘုရားသခင်၌ ငါတမန်တော်ဖြစ်ရခြင်း၏ အမှတ်တံဆိပ်ပင်ဖြစ်ကြ၏။
- 3 ငါ့အား စစ်ဆေးကြသောသူတို့ကို ဤသို့ငါချေပပြောဆို၏။-
- 4 ငါတို့၌ စားသောက်ပိုင်ခွင့်မရှိပါသလော။-
- 5 ငါတို့သည် အခြားသောတမန်တော်များကဲ့သို့လည်းကောင်း၊ သခင်ဘုရား၏ညီများကဲ့သို့လည်းကောင်း၊ စေဖကဲ့သို့လည်း ကောင်း ခရီးထွက်ရာ၌ ဇနီးမယားလိုက်ပါ လာခွင့်မရှိပါသလော။-
- 6 သို့မဟုတ် ဘာနဘနှင့် ငါတို့သာလျှင် ငါတို့၏စားဝတ်နေရေးအတွက် အလုပ်လုပ်ရခြင်းမှ ကင်းလွတ်ခွင့်မရှိသူများဖြစ် သလော။-
- 7 မည်သူသည် မိမိ၏စရိတ်ဖြင့် စစ်မှုထမ်းသနည်း။ မည်သူသည် မိမိစိုက်ပျိုးထားသည့်စပျစ်ဥယျာဉ်မှ စပျစ်သီးကို မစားဘဲ နေမည်နည်း။ မည်သူသည် မိမိထိန်းကျောင်းရသည့်သိုး များမှ နို့ကို မသုံးဆောင်ဘဲ နေမည်နည်း။
- 8 ငါသည် ဤအရာများကို လူ့အမြင်နှင့်ပြောဆိုခြင်းဖြစ်သလော။ ပညတ်တရားကျမ်းကလည်း ဤသို့ပင် ဆိုထားသည် မဟုတ်လော။-
- 9 အကြောင်းမူကား မိုးဇက်၏ ပညတ်တရားကျမ်းတွင် စပါးနယ်သည့်နွားကိုပါးချုပ်စွပ်မထားရဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ ၌ ဘုရားသခင်သည် နွားများအတွက် စိုးရိမ်ပူပန်သောကြောင့် မိန့်တော်မူခြင်းဖြစ်သလော။-
- 10 ကိုယ်တော်သည် ငါတို့အတွက်သာ မိန့်တော်မူခဲ့သည်မဟုတ်လော။ ၎င်းကို ငါတို့အတွက်ပင် ရေးသားထားခြင်းဖြစ် ကြောင်း ထင်ရှားပေ၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူနှင့် တလင်းနယ်သောသူသည် မိမိတို့၏ဝေစုဖြစ်သည့် ကောက်ပဲသီးနှံကို ရမည်ဟူသောမျှော်လင့်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက် ကြရာ၏။-
- 11 ငါတို့သည် သင်တို့၌ ဝိညာဉ်နှင့်ဆိုင်သောမျိုးစေ့ကို စိုက်ပျိုးခဲ့ကြပြီးနောက် သင်တို့ထံမှ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာအကျိုးကျေးဇူးများကို ရယူခံစားကြပါလျှင် ငါတို့၏အလွန်ဖြစ်သလော။-
- 12 အခြားသောသူတို့သည် ဤ ရပိုင်ခွင့်ကို သင်တို့ထံမှ တောင်းခံကြပါလျှင် ငါတို့သည်လည်း ပို၍ပင်ရပိုင်ခွင့် ရှိကြသည် မဟုတ်လော။ သို့သော်လည်း ငါတို့သည် ဤရပိုင်ခွင့်ကို အသုံးမချခဲ့ကြဘဲ ခရစ်တော်၏ဧဝံဂေလိသတင်းကောင်းအတွက် အဟန့်အတားမဖြစ်စေခြင်းငှာ အရာရာ၌ သည်းခံခဲ့ကြ၏။-
- 13 ဗိမာန်တော်၌ အမှုထမ်းဆောင်သောသူတို့သည် ဗိမာန်တော်မှ အစားအစာရရှိကြသည်ကိုလည်းကောင်း၊ ယဇ်ပလ္လင်တော် တွင် အမှုတော်ဆောင်သောသူတို့သည်လည်း ယဇ်ပူဇော်သကာများထဲမှ ဝေစုရရှိကြသည်ကိုလည်းကောင်း သင်တို့မသိကြသ လော။-
- 14 ထိုနည်းတူစွာ ပင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြသောသူ တို့သည် သတင်းကောင်းအားဖြင့် အသက်မွေးကြရ မည် ဟု သခင်ဘုရားမိန့်မှာတော်မူခဲ့၏။
- 15 သို့ရာတွင် ငါသည် ထိုအခွင့်အရေးများကို မယူခဲ့ချေ။ ထိုသို့သောအထောက်အပံ့များရရှိရန် ယခုဤစာကို ရေးနေခြင်း လည်းမဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူနိုင်ခွင့်ကို တစ်စုံတစ်ယောက်ကရုပ်သိမ်းထားသည် ထက်သေရခြင်းကို ငါပို၍လိုလား၏။-
- 16 ငါသည် ဧဝံဂေလိ သတင်းကောင်းကို ဟောပြောရသည့်အတွက် ငါ၌ ဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌ဟောပြောရမည့်ဝတ္တရားရှိ၏။ အကယ်၍ ငါသည် ဧဝံဂေလိသတင်းကောင်းကိုမဟောပြောလျှင် ငါ၌အမင်္ဂလာ ရှိ၏။-
- 17 ငါသည် ငါ့အလိုဆန္ဒဖြင့် ဟောပြောလျှင် ဆုလာဘ်ကို ရရှိမည်ဖြစ်၏။ သို့ရာတွင် ဤအမှုကို ငါ၏အလိုဆန္ဒဖြင့် ပြုလုပ်ခြင်းမဟုတ်ပါက ငါသည် တာဝန်ပေးအပ်ခံရခြင်းဖြစ်၏။-
- 18 သို့ဖြစ်လျှင် ငါသည် မည်သည့်ဆုလာဘ်ကို ရရှိမည်နည်း။ ငါ၏ဆုလာဘ်သည်ကား ငါသည် ဧဝံဂေလိသတင်းကောင်းကို ဟောပြောရာတွင် အမှုတော်၌ ခံစားရမည့်ရပိုင်ခွင့်ကို မတောင်းဆိုဘဲ သတင်းကောင်းကို အခမဲ့ဟောပြောနိုင်ခြင်း ပင်ဖြစ်၏။
- 19 ထို့ကြောင့် ငါသည် မည်သူ့ကျွန်မျှမဟုတ်သော်လည်း ယုံကြည်သူများပို၍များပြားလာစေရန် မိမိကိုယ် ကို လူအားလုံးတို့၏ကျွန်ဖြစ်စေခဲ့၏။-
- 20 ဂျူးလူမျိုးတို့အား ဆွဲဆောင်ရန် ငါသည် ဂျူးလူမျိုးတစ်ဦးကဲ့သို့ဖြစ်လာခဲ့ ၏။ ငါသည် ပညတ်တရားကိုလိုက်နာရန် မလို အပ်သော်လည်း ပညတ်တရားကိုလိုက်နာကြသောသူတို့အား ဆွဲ ဆောင်ရန် ပညတ်တရားကို လိုက်နာကျင့်သုံးသူတစ်ဦး ကဲ့သို့ နေထိုင်ခဲ့၏။-
- 21 ငါသည် ပညတ်တရားနှင့်ကင်းဝေး နေကြသောလူမျိုးခြားတို့အား ဆွဲဆောင်ရန် လူမျိုးခြား တစ်ဦးကဲ့သို့ဖြစ်လာခဲ့၏။ သို့သော် ငါသည် ဘုရားသခင် ၏ပညတ်တရားနှင့်လုံး၀ကင်းဝေးသွားခြင်းမဟုတ်ဘဲ ခရစ်တော်၏ပညတ်တော်ကို လိုက်နာ ကျင့်သုံးခဲ့၏။-
- 22 ငါသည် အားနည်းသောသူတို့အား ဆွဲဆောင်ရန် သူတို့ အလယ်တွင် အားနည်းသူတစ်ဦးဖြစ်လာခဲ့၏။ နည်းလမ်း ပေါင်းစုံဖြင့် လူအချို့ကို ကယ်တင်ရန် ငါသည် လူအားလုံး တို့အတွက် မည်သည့်အရာမဆိုဖြစ်လာခဲ့၏။-
- 23 ငါသည် သတင်းကောင်း၏ ကောင်းချီးမင်္ဂလာများကို ဝေငှနိုင်ရန် ဧဝံဂေလိသတင်းကောင်းအတွက် ဤအရာအားလုံးကို ပြုမူခဲ့၏။
- 24 အပြေးပြိုင်ပွဲတစ်ခုတွင် အပြေးသမားအားလုံးယှဉ် ပြိုင်သော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုကိုရရှိရန် ပြေးကြလော့။-
- 25 အားကစားသမား တိုင်းသည် လေ့ကျင့်နေစဉ်အတွင်း အရာရာ၌ စိတ်ကို ချုပ်တည်းကြရ၏။ ဤသို့သူတို့ပြုလုပ်ရခြင်းမှာ ပျက်စီး နိုင်သောပန်းဦးရစ်ကို ဆွတ်ခူးနိုင်ရန်ဖြစ်၏။ ငါတို့မူကား ထာ၀ရတည်သောဗောင်းသရဖူအတွက် လုပ်ဆောင်ကြ ၏။-
- 26 ထို့ကြောင့် ငါသည် ရည်မှန်းချက်မရှိဘဲ ဦးတည့်ရာ ပြေးခြင်းမဟုတ်။ ငါသည် လေထဲတွင်လက်သီးထိုးနေ သောလက်ဝှေ့သမားတစ်ဦးကဲ့သို့ လက်သီးမထိုးပေ။-
- 27 ငါသည် အခြားသောသူတို့အား ဟောပြောပြီးမှ မိမိကိုယ် တိုင်အရည်အချင်းမပြည့်မီ သူမဖြစ်စေရန် ငါ၏ကိုယ်ခန္ဓာ ကို ထိုးနှက်တွန်းတိုက်၍ ၎င်းကို ကောင်းစွာထိန်းချုပ်ထား၏။
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos

Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.