-
Acts 27
- 1 ဤသို့ဖြင့် ငါတို့သည် အီတလီပြည်သို့ သင်္ဘောဖြင့် သွားရမည်ဟု ဖက်စတုက ဆုံးဖြတ်ချက် ချပြီးနောက် ပေါလုနှင့် အကျဉ်းသား အချို့တို့ကို ဂျူလီဦး အမည်ရှိသော ဩဂုစ္စတုဘုရင်၏တပ်မှ လူတစ်ရာတပ်မှူး၏ လက်သို့ အပ်လိုက်ကြ၏။-
- 2 ငါတို့သည်လည်း အာရှပြည်ကမ်းခြေတစ်လျှောက်ရှိ သင်္ဘောဆိပ်ကမ်းများသို့ သွားမည့် အာဒရမ္မသီယမ်မှလာသော သင်္ဘောပေါ်သို့တက်ပြီးနောက် ရွက်လွှင့်ထွက်ခွာလာကြ၏။ သက်ဆာလောနိကမြို့မှ မာစီဒိုးနိယပြည်သား အာရစ္စတာကုသည် ငါတို့နှင့် လိုက်ပါလာခဲ့လေ၏။-
- 3 နောက်တစ်နေ့တွင် ငါတို့သည် စီဒွန်မြို့သို့ ဆိုက်ကပ်ကြ၏။ တပ်မှူးဂျူလီဦးသည်လည်း ပေါလုအပေါ် ကြင်နာစွာ ဆက်ဆံ၍ သူ၏မိတ်ဆွေ များထံသို့ သွားခွင့်ပေးလျက် ထိုသူတို့၏ လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူခွင့်ပေးလေ၏။-
- 4 ငါတို့သည် ထိုမြို့မှ ပင်လယ်သို့ ထွက်ခွာကြသောအခါ လေဆန်ဖြစ်သောကြောင့် စိပရုကျွန်း၏ လေကွယ်ရာအရပ်မှ ရွက်လွှင့်သွားကြ၏။-
- 5 ထို့နောက် ငါတို့သည် စီလိစိယနှင့် ပမ်ဖိလိယ ပြည်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ကိုဖြတ်ပြီး လိစိယပြည်၊ မုရမြို့သို့ ရောက်ကြ၏။-
- 6 ထိုအရပ်တွင် လူတစ်ရာတပ်မှူးသည် အီတလီပြည်သို့သွားမည့် အလက်ဇန္ဒြိယမှလာသော သင်္ဘောတစ်စီးကို တွေ့သဖြင့် ငါတို့အား ထိုသင်္ဘောပေါ်သို့ တက်စေ၏။-
- 7 ငါတို့သည်လည်း နှေးကွေးစွာဖြင့် ရက်ပေါင်းများစွာ ရွက်လွှင့်ပြီးနောက် စနီဒုမြို့အနီးသို့ ခက်ခက်ခဲခဲ ဆိုက်ကပ်လေ၏။ ထို့နောက် ငါတို့သည် လေမသင့်သောကြောင့် ရှေ့သို့ခရီးမဆက်နိုင်သဖြင့် ဆောလမွန်အငူအနီးမှဖြတ်၍ ခရိကျွန်း၏ လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။-
- 8 ဤသို့ဖြင့် ငါတို့သည် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ခက်ခက်ခဲခဲ ရွက်လွှင့်ပြီးလျှင် လာဆေယမြို့အနီး၊ ဆိပ်ကမ်းသာ ဟုခေါ်သောအရပ်သို့ ရောက်လာကြလေ၏။
- 9 အချိန်များစွာ ကုန်လွန်ခဲ့သည်နှင့်အမျှ အပြစ်ဖြေရာ ယဇ်ပူဇော်သော ပွဲကာလကိုပင် ကျော်လွန်ခဲ့လေပြီ။ ပင်လယ်ခရီးစဉ်မှာလည်း ဘေးအန္တရာယ် များလာပြီဖြစ်သောကြောင့် ပေါလုက၊-
- 10 မိတ်ဆွေတို့၊ ပင်လယ်ကိုဖြတ်ကူးလျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးရှုံးမည်သာမက ငါတို့၏ အသက်ဘေးအတွက်လည်း စိုးရိမ်စရာရှိသည်ဟု သတိပေးလေ၏။-
- 11 သို့သော် လူတစ်ရာတပ်မှူးသည် ပေါလု၏စကားထက် သင်္ဘောသူကြီးနှင့် ပိုင်ရှင်တို့၏ စကားကို ပို၍ယုံကြည်လေ၏။-
- 12 ဤဆိပ်ကမ်းမှာလည်း ဆောင်းကာလအတွင်း မနေသင့်သောကြောင့် ဤနေရာမှထွက်ခွာပြီး ဖြစ်နိုင်ပါက ဖီးနစ်ဆိပ်ကမ်း သို့ရောက်အောင်သွား၍ ဆောင်းရာသီအတွက် ရပ်နားသင့်ကြောင်း အများစုက အကြံပြုကြ၏။ ဖီးနစ်ဆိပ်ကမ်းသည် ခရိကျွန်း တွင်ရှိပြီး အရှေ့မြောက်နှင့် အရှေ့တောင်အရပ်သို့ မျက်နှာမူလျက်ရှိ၏။
- 13 ထို့နောက် တောင်လေဖြည်းညင်းစွာ တိုက်ခတ်လာသောအခါ သူတို့သည် မိမိတို့အကြံ အထမြောက်ပြီဟု ထင်မှတ်၍ ကျောက်ဆူးကို နုတ်ပြီးလျှင် သင်္ဘောကို ခရိကျွန်းတစ်လျှောက် ကမ်းခြေနှင့် ကပ်နိုင်သမျှကပ်၍ ရွက်လွှင့်ကြလေ၏။-
- 14 သို့သော် မကြာမီအချိန်အတွင်း၌ အရှေ့မြောက်ရာသီလေ ဟုခေါ်သော လေပြင်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းမှ အပြင်းအထန် တိုက်ခတ်လာလေ၏။-
- 15 သင်္ဘောသည်လည်း မုန်တိုင်းမိသောအခါ လေကိုမနိုင်သောကြောင့် ငါတို့သည် လက်လျှော့၍ သင်္ဘောမှာ လေတိုက်ရာသို့ မျောပါသွားလေ၏။-
- 16 ဤသို့ဖြင့် ကောင်းဒါအမည်ရှိသော ကျွန်းငယ်၏ လေကွယ်ရာအရပ်သို့ ရောက်သောအခါ ငါတို့သည် အသက်ကယ်လှေ မပျက်စီးစေရန် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရ၏။-
- 17 သူတို့သည်လည်း ထိုလှေကိုဆွဲတင်ပြီးနောက် သင်္ဘောကိုခိုင်ခန့်စေရန် ကြိုးများနှင့်ပတ်စည်းကြ၏။ ထို့နောက် သူတို့သည် ဆိတစ်သောင်တွင် သင်္ဘောတင်မည်စိုးသောကြောင့် ရွက်တိုင်ကိုလျှောချ၍ သင်္ဘောကို လေတိုက်ရာသို့ မျောပါစေကြ၏။-
- 18 ထိုအခါ ငါတို့သည် မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံကြရသောကြောင့် နောက်တစ်နေ့တွင် သူတို့သည် သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို ရေထဲသို့ပစ်ချကြ၏။-
- 19 ထို့နောက် တတိယနေ့တွင် သူတို့သည် သင်္ဘော၏ ကုန်တင်ကုန်ချပစ္စည်းများကို သူတို့၏လက်ဖြင့်ယူ၍ ပစ်ချလိုက်ကြ၏။-
- 20 ငါတို့သည်လည်း နေနှင့်ကြယ်နက္ခတ်များကို ရက်ပေါင်းများစွာ မမြင်ကြရချေ။ ပြင်းထန်သော လေမုန်တိုင်းသည်လည်း အရှိန်မလျော့သဖြင့် ငါတို့သည် သေဘေးမှလွတ်မြောက်မည့် မျှော်လင့်ချက်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ကြလေ၏။
- 21 သူတို့သည်လည်း အစာမစားရဘဲ ကြာမြင့်စွာနေခဲ့ကြသဖြင့် ပေါလုသည် သူတို့အလယ်တွင်ရပ်လျက် မိတ်ဆွေတို့၊ သင်တို့သည် ငါ့စကားကိုနားထောင်လျက် ခရိကျွန်းမှမထွက်ခွာဘဲ နေခဲ့ကြပါလျှင် ဤပျက်စီးဆုံးရှုံးခြင်းများကို ငါတို့ ရှောင်နိုင်ခဲ့မည်ဖြစ်၏။-
- 22 ယခုလည်း သင်တို့အားမငယ်ကြနှင့်။ သင်တို့တွင် တစ်ဦးမျှ အသက်ဆုံးရှုံးလိမ့်မည်မဟုတ်ဘဲ သင်္ဘောသာလျှင် ပျက်စီး ဆုံးရှုံးလိမ့်မည်။-
- 23 အကြောင်းမူကား ငါကိုးကွယ်သော ဘုရားသခင်၏ တမန်တော်သည် ဤည၌ပင် ငါ့အနားတွင်ရပ်လျက် ငါ့အား၊-
- 24 ပေါလု၊ မကြောက်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့တော်သို့ ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူ ပင်လယ်သို့ ကူးသောသူအပေါင်းတို့ကို သင့်အား ပေးတော်မူပြီဟု မိန့်မှာခဲ့၏။-
- 25 ထို့ကြောင့် မိတ်ဆွေတို့၊ သတ္တိရှိကြလော့။ အကြောင်းမူကား ငါ့အား ပြောကြားသည့်အတိုင်းပင် ဖြစ်ပျက်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ငါယုံကြည်၏။-
- 26 သို့သော် ငါတို့သင်္ဘောသည် ကျွန်းတစ်ကျွန်းပေါ်တွင် တင်ရလိမ့်မည်ဟုဆိုလေ၏။
- 27 တစ်ဆယ့်လေးရက်မြောက် ညရောက်သောအခါ ငါတို့သည် အာဒြိယပင်လယ်တွင် မျောနေစဉ် သန်းခေါင်ယံအချိန်၌ သင်္ဘောသားအချို့က ကုန်းမြေနှင့်နီးလာပြီဟု ထင်မှတ်ကြ၏။-
- 28 သို့ဖြစ်၍ သူတို့သည် ရေ၏အတိမ်အနက်ကို တိုင်းထွာကြည့်ကြရာ အလံနှစ်ဆယ်ရှိကြောင်း တွေ့ရ၏။ ထို့နောက် ရှေ့သို့အနည်းငယ်သွားပြီး တစ်ဖန်တိုင်းထွာကြည့်ပြန်ရာ တစ်ဆယ့်ငါးလံရှိသည်ကိုတွေ့ရ ၏။-
- 29 ထိုအခါ သူတို့သည် သင်္ဘောကို ကျောက်ဆောင်နှင့် တိုက်မိမည်စိုးသောကြောင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကို ချပြီး မိုးလင်းစေရန် ဆုတောင်းကြ၏။-
- 30 သင်္ဘောသားတို့သည်လည်း သင်္ဘောဦးပိုင်းမှ ကျောက်ဆူးကို ချမည့်ဟန်ဖြင့် အသက်ကယ်လှေကို လျှောချ၍ ထွက်ပြေးရန် ကြိုးစားကြစဉ်တွင်၊-
- 31 ပေါလုက ဤသူတို့ သင်္ဘောပေါ်တွင် မနေကြပါက သင်တို့သည် အသက်ချမ်းသာမရနိုင်ကြဟု လူတစ်ရာတပ်မှူးနှင့် စစ်သူရဲတို့အား ဆိုလေ၏။-
- 32 ထိုအခါ စစ်သူရဲတို့သည် အသက်ကယ်လှေ၏ ကြိုးများကိုဖြတ်၍ လှေကိုကျသွားစေ၏။
- 33 ဤသို့ဖြင့် မိုးလင်းစပြုလာသောအခါ ပေါလုက ထိုသူအားလုံးတို့အား အစာစားရန် တိုက်တွန်းလျက် သင်တို့သည် မည်သို့ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစာမစားဘဲ နေခဲ့ကြသည်မှာ တစ်ဆယ့်လေးရက်ရှိလေပြီ။-
- 34 ထို့ကြောင့် အစာကိုစားကြရန် ငါတိုက်တွန်း၏။ ယင်းသည် သင်တို့ကို ခွန်အားဖြည့်ပေးလိမ့်မည်။ သင်တို့တွင် တစ်ဦး တစ်ယောက်၏ ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ မပျက်စီးစေရဟု ပြောလေ၏။-
- 35 သူသည် ဤသို့ ပြောဆိုပြီးသောအခါ ပေါင်မုန့်ကိုယူ၍ ရှိသမျှလူအပေါင်းတို့ရှေ့တွင် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းလျက် ပေါင်မုန့်ကိုဖဲ့၍ စားလေ၏။-
- 36 ထိုအခါ သူတို့အားလုံးသည် အားတက်လာကြ၍ အစာကိုစားကြလေ၏။-
- 37 သင်္ဘောပေါ်တွင် ပါသောသူတို့မှာ အရေအတွက်အားဖြင့် လူပေါင်းနှစ်ရာခုနှစ်ဆယ့်ခြောက်ယောက်ရှိ၏။-
- 38 သူတို့သည်လည်း ၀လင်စွာ စားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံစေ့များကို ပင်လယ်ထဲသို့ ပစ်ချကြလေ၏။
- 39 ဤသို့ဖြင့် နံနက်မိုးလင်းသောအခါ သူတို့သည် မည်သည့်အရပ်သို့ ရောက်ရှိနေသည်ကို မသိကြသော်လည်း ပင်လယ်ကွေ့ ကမ်းခြေတစ်ခုကို တွေ့ကြသဖြင့် ဖြစ်နိုင်လျှင် သင်္ဘောကို ထိုကမ်းခြေပေါ်သို့ ထိုးတင်မည်ဟု အကြံရှိကြ၏။-
- 40 ထို့ကြောင့် သူတို့သည် ကျောက်ဆူးများကိုဖြုတ်၍ ပင်လယ်တွင်းသို့ပစ်ချကာ ပဲ့ထိန်းတက်မကို ချည်ထားသော ကြိုးများကိုဖြေပြီး ရွက်ပြန်ဖွင့်လျက် ကမ်းခြေသို့ လွှင့်သွားကြ၏။-
- 41 သို့သော်လည်း သင်္ဘောသည် သဲသောင်ခုံကို ဝင်တိုက်ပြီး သောင်တင်သွားလေ၏။ သင်္ဘောဦးပိုင်းသည် သောင်ပြင်တွင် စိုက်နေသောကြောင့် လှုပ်ရှား၍မရတော့ချေ။ သင်္ဘော၏ပဲ့ပိုင်းမှာမူ လှိုင်းများပုတ်ခတ်သောကြောင့် ကျိုးသွားလေ၏။-
- 42 စစ်သူရဲတို့သည်ကား အကျဉ်းသားတို့ ရေကူး၍ ထွက်ပြေးလွတ်မြောက်သွားမည် စိုးသောကြောင့် သူတို့ကိုသတ်ရန် ကြံရွယ်ကြ၏။-
- 43 သို့ရာတွင် လူတစ်ရာတပ်မှူးသည် ပေါလုကို ကယ်ဆယ်လိုသဖြင့် သူတို့၏အကြံကို တားမြစ်ပြီးလျှင် ရေကူးနိုင်သူတို့အား ဦးစွာပထမ သင်္ဘောပေါ်မှ ခုန်ချစေလျက် ကမ်းခြေသို့ကူးသွားစေ၏။-
- 44 ထို့နောက် ကျန်ရစ်သူတို့အား ပျဉ်ပြားများနှင့် သင်္ဘော၏ အပိုင်းအစများကို တွယ်စီး၍ ကူးကြရန် အမိန့်ပေးလေ၏။ ဤသို့ဖြင့် လူအားလုံးသည် သေဘေးမှလွတ်မြောက်၍ ကုန်းပေါ်သို့ ရောက်ကြလေ၏။
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos

Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.