-
Acts 19
- 1 အာပိုလိုသည် ကောရိန့်မြို့တွင်ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်ဆုမြို့သို့ရောက်လာပြီး ထိုအရပ်တွင် တပည့်တော်အချို့ကို တွေ့လေ၏။-
- 2 ထိုအခါ သူက သင်တို့သည် ယုံကြည်သူများ ဖြစ်လာသောအခါ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသလောဟု သူတို့အား မေးသော် ထိုသူတို့က မခံယူခဲ့ကြရပါ၊ ဝိညာဉ်တော်မြတ် ရှိတော်မူကြောင်းကိုလည်း အကျွန်ုပ်တို့ မကြားဖူးပါဟု ဖြေကြားကြ၏။-
- 3 ပေါလုကလည်း ဤသို့ဆိုလျှင် သင်တို့သည် မည်သည့်ဆေးကြောခြင်းကို ခံယူကြသနည်းဟု မေးသောအခါ သူတို့က ယောဟန်၏ ဆေးကြောခြင်းကို အကျွန်ုပ်တို့ ခံယူခဲ့ကြပါသည် ဟု ဆိုကြလေ၏။-
- 4 ထိုအခါ ပေါလုက ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းကိုပေးပြီး မိမိ၏နောက်တွင် ကြွလာမည့်သူဖြစ်သော ယေဇူး၌ ယုံကြည်ကြရန် လူအများကို မိန့်မှာထားခဲ့သည်ဟု ဆိုလေ၏။-
- 5 ဤအကြောင်းကို ကြားကြသောအခါ ထိုသူတို့သည် ယေဇူးသခင်၏ နာမတော်၌ ဆေးကြောခြင်းကို ခံယူကြ၏။-
- 6 ထို့နောက် ပေါလုသည် သူတို့အပေါ်၌ မိမိ၏လက်ကိုတင်သောအခါ ဝိညာဉ်တော်မြတ်သည် သူတို့အပေါ်သို့ ဆင်းသက် တော်မူသဖြင့် သူတို့သည် ဘာသာစကားအသီးသီးကို ပြောဆိုကြ၍ ပရောဖက်ဉာဏ် ဖြင့် အနာဂတ်ကို ဟောပြောကြလေ၏။-
- 7 ထိုသူအပေါင်းတို့သည်ကား အရေအတွက်အားဖြင့် စုစုပေါင်း တစ်ဆယ့်နှစ်ယောက်ရှိကြ၏။
- 8 ထို့နောက် ပေါလုသည် သုံးလပတ်လုံး တရားဇရပ်သို့ဝင်၍ ရဲဝံ့စွာဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဆွေးနွေးကာ စည်းရုံးလေ၏။-
- 9 သို့သော် အချို့သောသူတို့သည် စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြဘဲ သခင်ဘုရား၏ တရားလမ်းတော်ကို လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချကြသောအခါ ပေါလုသည် သူတို့ထံမှထွက်ခွာ၍ တပည့်တော်တို့ကိုလည်း မိမိနှင့်အတူ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူသည် တိရာနုအမည်ရှိသော သူ၏ကျောင်း၌ နေ့စဉ်ဆွေးနွေးဟောပြောလေ၏။-
- 10 သူသည် နှစ်နှစ်ပတ်လုံး ဤကဲ့သို့ အဆက်မပြတ်ဟောပြောသောကြောင့် အာရှပြည်တွင် နေထိုင်ကြသော ဂျူးနှင့်ဂရိ လူမျိုးများသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားနာကြရ၏။
- 11 ဘုရားသခင်သည်လည်း ပေါလု၏လက်တို့ဖြင့် ထူးခြားသော တန်ခိုးလက္ခဏာများကို ပြတော်မူသည်ဖြစ်၍၊-
- 12 ပေါလု၏ကိုယ်ပေါ်မှ ပုဝါနှင့်ခါးပန်းများကို ဖျားနာသောသူများအပေါ်တွင် တင်ခြင်းအားဖြင့် အနာရောဂါများ ပျောက်ကင်းကြ၍ နတ်ဆိုးများသည်လည်း သူတို့ထံမှ ထွက်သွားကြ၏။
- 13 ထိုအခါ အရပ်ရပ်သို့ လှည့်လည်သော ဂျူးလူမျိုး နတ်ဆိုးနှင်ထုတ်သူအချို့တို့သည် နတ်ဆိုးဝင်ပူးခြင်းခံရသော သူတို့အပေါ်၌ ရွတ်ဆိုကြသည်ကား ပေါလုဟောပြောသော ယေဇူး၏ နာမတော်အားဖြင့် ငါသည်သင့်ကို အမိန့်ပေးသည် ဟုဆိုလျက် ယေဇူးသခင်၏ နာမတော်ကို အမှီပြုကာ နတ်ဆိုးကိုနှင်ထုတ်ရန် ကြိုးစားကြ၏။-
- 14 ဂျူးလူမျိုး ရဟန်းအကြီးအကဲဖြစ်သော ရှေဗာ၏သား ခုနစ်ယောက်တို့သည်လည်း ဤကဲ့သို့ လုပ်ဆောင်နေကြလေ၏။-
- 15 သို့သော် နတ်ဆိုးက သူတို့အား ပြန်ပြောသည်မှာ ယေဇူးကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူများနည်းဟု ဆိုပြီးနောက်၊-
- 16 နတ်ဆိုးဝင်ပူး ခြင်း ခံရသောသူသည် သူတို့အပေါ်သို့ခုန်တက်၍ သူတို့အားလုံးကို တိုက်ခိုက်ပြီး အနိုင်ယူသဖြင့် သူတို့သည် အဝတ်အစားမပါဘဲ ဒဏ်ရာဒဏ်ချက်များနှင့် အိမ်အတွင်းမှ ထွက်ပြေးခဲ့ကြရ၏။-
- 17 ဧဖက်ဆုမြို့တွင် နေထိုင်ကြသော ဂျူးနှင့် ဂရိလူမျိုးတို့သည် ဤအကြောင်းကို ကြားသိကြသောအခါ ထိုသူအပေါင်း တို့သည် ကြောက်ရွံ့တုန်လှုပ်၍ ယေဇူးသခင်၏ နာမတော်ကို ချီးမွမ်းကြကုန်၏။-
- 18 ယုံကြည်သူဖြစ်လာသောသူ များစွာတို့သည်လည်း လာကြ၍ မိမိတို့ပြုခဲ့မိသမျှတို့ကို ထုတ်ဖော်ဝန်ခံကြ၏။-
- 19 မှော်အတတ်ကို တတ်သောသူ အချို့တို့သည်လည်း မိမိတို့၏ စာအုပ်များကို စုစည်းယူဆောင်လာ၍ လူအများရှေ့တွင် မီးရှို့ကြ၏။ ဤစာအုပ်များ၏ တန်ဖိုးကို သူတို့တွက်ကြသောအခါ ငွေဒင်္ဂါးငါးသောင်းခန့် တန်ဖိုးရှိသည်ကို တွေ့ရ၏။-
- 20 ဤသို့ဖြင့် သခင်ဘုရား၏ နှုတ်တော်ထွက်စကားသည် အရှိန်အဟုန်ကြီးစွာ တိုးတက်ပျံ့ ပွားလေ၏။
- 21 ဤအကြောင်းအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် မာစီဒိုးနိယနှင့် အာခါယာပြည်များကို ဖြတ်သန်း၍ ဂျေရုဆလင်မြို့သို့ သွားမည်ဟု ဝိညာဉ်တော်အားဖြင့် စိတ်ပိုင်းဖြတ်လေ၏။ သူက ငါသည် ထိုအရပ်သို့ သွားပြီးလျှင် ရောမမြို့သို့လည်း သွားရမည်ဟု ဆို၏။-
- 22 ထို့ကြောင့် သူသည် မိမိကိုကူညီသူများဖြစ်သော တီမောသီဦးနှင့် ဧရာစတုတို့ကို မာစီဒိုးနိယပြည်သို့ စေလွှတ်၍ သူကိုယ်တိုင်မှာမူကား အာရှပြည်တွင် ခေတ္တဆက်နေလေ၏။
- 23 ထိုအချိန်၌ သခင်ဘုရား၏ တရားလမ်းတော်နှင့် စပ်လျဉ်း၍ ဆူပူလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လေ၏။-
- 24 ဖြစ်ရသည့်အကြောင်းရင်းမှာ ဒေမေတြီဦးအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတီမစ်နတ်သမီး၏ နတ်ကွန်းများပြုလုပ်ခြင်းဖြင့် များစွာသော လက်မှုပညာရှင်တို့ကို စီးပွားဖြစ်ထွန်းစေခဲ့၏။-
- 25 သူသည် မိမိနှင့်လုပ်ငန်းချင်းတူသော ဤသူတို့ကိုစုရုံးပြီးလျှင် အချင်းလူတို့၊ ငါတို့သည် ဤလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်း လာခဲ့ကြကြောင်း သင်တို့သိကြ၏။-
- 26 ယခုမူကား ဤပေါလုဆိုသူက လူတို့၏လက်ဖြင့်ပြုလုပ်သော ရုပ်တုတို့သည် ဘုရားများမဟုတ်ဟု ဆိုခြင်းဖြင့် ဧဖက်ဆုမြို့တွင်သာမက အာရှပြည်တစ်ပြည်လုံး၌ လူများစွာတို့ကို သွေးဆောင်လမ်းလွဲစေခဲ့ကြောင်း သင်တို့တွေ့မြင် ကြားသိကြ၏။-
- 27 ဤအမှုသည် ငါတို့လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်သာမက ကြီးမြတ်သော အာတီမစ်နတ်သမီး၏ ဗိမာန်ကိုလည်း မထီမဲ့မြင်ပြုသဖြင့် အာရှနှင့်တစ်ကမ္ဘာလုံး ကိုးကွယ်ကြသော နတ်သမီး၏ ဘုန်းကျက်သရေတော် ညှိုးနွမ်းမည်ကို စိုးရိမ်ရသည်ဟု ဆိုလေ၏။
- 28 ထိုသူတို့သည်လည်း ဤစကားကိုကြားကြလျှင် အမျက်ထွက်ကြသဖြင့် ဧဖက်ဆုမြို့သားတို့၏နတ်သမီး အာတီမစ်သည် ကြီးမြတ်လှပေ၏ဟု ကြွေးကြော်ကြလေ၏။-
- 29 ဤသို့ဖြင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထိုသူတို့သည် ပေါလု၏ခရီးစဉ်၌ အဖော်အဖြစ် လိုက်ပါခဲ့ကြသော မာစီဒိုးနိယပြည်သား ဂါးယုနှင့် အာရစ္စတာကုတို့အား ဆွဲခေါ်လျက် ကဇာတ်ရုံအတွင်းသို့ အတူတကွပြေးဝင်သွားကြ၏။-
- 30 ပေါလုသည် မိမိကိုယ်တိုင် လူအုပ်ကိုရင်ဆိုင်လိုသော်လည်း တပည့်တော်များသည် သူ့ကိုတားမြစ်ထားကြ၏။-
- 31 ပေါလုနှင့် ရင်းနှီးသော အာရှပြည်မင်းအရာရှိအချို့ကလည်း သူ့အား ကဇာတ်ရုံသို့ မသွားရန် သတင်းပို့၍ သတိပေးကြ၏။
- 32 ထိုအချိန်တွင် စုဝေးနေကြသောသူတို့သည် အမျိုးမျိုးအော်ဟစ်နေကြလျက် လူအစုအဝေးမှာ မည်သည့်အရာ ဖြစ်ပျက် နေသည်ကိုမသိကြ။ လူအများစုမှာ မိမိတို့ စုဝေးနေကြသည့်အကြောင်းရင်းကိုပင် မသိကြချေ။-
- 33 ထိုအခါ ဂျူးလူမျိုးတို့က အလက်ဇန္ဒားကို လူအစုအဝေးရှေ့သို့ ထွက်စေသဖြင့် လူအစုအဝေးထဲမှ အချို့သည် ဤအကြောင်းအရာမှာ သူ၏တာဝန်မကင်းဟူ၍ သုံးသပ်ကြ၏။ အလက်ဇန္ဒားသည်လည်း လူတို့အား ဤအမှုကို ရှင်းလင်း ပြောဆိုရန် ရည်ရွယ်၍ တိတ်ဆိတ်စွာနေခြင်းငှာ လက်ဖြင့်အချက်ပြလေ၏။-
- 34 သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်းကို သူတို့သိကြသည်နှင့် ဧဖက်ဆုမြို့သားတို့၏ နတ်သမီးအာတီမစ်သည် ကြီးမြတ်လှပေ၏ဟူ၍ နှစ်နာရီကြာမျှ တစ်သံတည်း အော်ဟစ်ကြ၏။-
- 35 ထို့နောက် မြို့စာရေးသည် လူအစုအဝေးတို့အား တိတ်ဆိတ်စွာနေစေပြီးလျှင် ဧဖက်ဆုမြို့သားတို့၊ ဧဖက်ဆုမြို့တော်သည် ကြီးမြတ်သော အာတီမစ်၏နတ်ကွန်းနှင့် ကောင်းကင်မှကျလာသော သူမ၏ရုပ်တုတော်တို့ တည်ရှိရာဌာနဖြစ်သည်ကို မသိသောသူ မည်သူရှိသနည်း။-
- 36 ဤအကြောင်းအရာတို့ကို မည်သူမျှမငြင်းဆိုနိုင်သောကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်စွာထားကြရမည်။ မည်သည့်အရာကိုမျှ မဆင်မခြင်မပြုနှင့်။-
- 37 အကြောင်းမူကား ဗိမာန်တော်အတွင်း လုယက်ခြင်းမပြု၊ ငါတို့၏နတ်သမီးကိုလည်း ထိခိုက်စော်ကားခြင်း မပြုသော ဤသူတို့ကို ဤနေရာသို့ သင်တို့ခေါ်ဆောင်လာခဲ့ကြလေပြီ။-
- 38 ထို့ကြောင့် ဒေမေတြီဦးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် တစ်စုံတစ်ယောက်အပေါ် စွပ်စွဲလိုသောအမှုရှိလျှင် တရား စီရင်သော ခုံရုံးများဖွင့်ထားလျက်ရှိ၍ မြို့ဝန်များလည်း ရှိသဖြင့် သက်ဆိုင်သူချင်း တရားဆိုင်ကြပါစေ။-
- 39 သို့သော် သင်တို့သည် အခြားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် တရားဝင်အစည်းအဝေးတွင် ဖြေရှင်းနိုင်ကြ၏။-
- 40 အကြောင်းမူကား ယနေ့ဆူပူလှုပ်ရှားမှု ဖြစ်ရခြင်းအတွက် ငါတို့တွင် ခိုင်လုံသော အကြောင်းပြချက် ပေးစရာ မရှိသောကြောင့် ဤဆူပူလှုပ်ရှားမှုသည် ငါတို့ကြောင့်ဖြစ်ရသည်ဟူ၍ စွပ်စွဲခံရဖွယ်ရှိသည်ဟု ဆိုလေ၏။-
- 41 မြို့စာရေးသည်လည်း ဤသို့ပြောဆိုပြီးလျှင် လူ အစုအဝေးအား ထိုနေရာမှ ထွက်ခွာသွားစေ၏။
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos

Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.