-
Psalms 63
- 1 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ရှာဖွေပါ၏။ အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော့်ကို ဆာငတ်ပါ၏။ ရေမရှိသည့်မြေဆီလွှာသည် ခြောက်သွေ့နွမ်းလျနေ၍ ရေကိုတမ်းတ သကဲ့သို့ပင် အကျွန်ုပ်၏ကိုယ်ခန္ဓာသည်လည်း ကိုယ်တော့်ကို တမ်းတပါ၏။-
- 2 အကျွန်ုပ်သည် ကိုယ်တော့်ကို သန့်ရှင်းရာဌာနတွင် မျှော်ကြည့်ခဲ့ရပြီး ကိုယ်တော်၏ တန်ခိုးတော်နှင့် ဘုန်းဂုဏ်တော်ကို ဖူးမြင်ခဲ့ရပါပြီ။-
- 3 ကိုယ်တော်၏ ခိုင်မြဲသောချစ်မေတ္တာသည် အသက်ထက်ပင် သာလွန်သောကြောင့် အကျွန်ုပ်၏ နှုတ်ခမ်းများသည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းပါမည်။-
- 4 အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော့်ကို ကောင်းချီးပေးပါမည်။ အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ခေါ်တ၍ အကျွန်ုပ်၏လက်များကို ဆန့်တန်းပါမည်။
- 5 အကျွန်ုပ်၏ ဝိညာဉ်သည် ခဲဖွယ်ဘောဇဉ်တို့ကို စားသုံးရသကဲ့သို့ ပြည့်၀လျက်ရှိပြီး အကျွန်ုပ်၏နှုတ်သည်လည်း သီဆိုကျူးအေးသော နှုတ်ခမ်းများဖြင့် ကိုယ်တော့်ကို ချီးမွမ်းပါ၏။-
- 6 အကျွန်ုပ်သည် မိမိ၏အိပ်ရာပေါ်တွင် ကိုယ်တော့်ကို အောက်မေ့သတိရပါ၏။ ညကင်းစောင့်ချိန် တစ်လျှောက်လုံး၌ အကျွန်ုပ်သည် ကိုယ်တော့်ကို ထောက်ရှုဆင်ခြင်လျက်နေပါ၏။-
- 7 ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကူညီမစသူ ဖြစ်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်အတောင်တော်များ၏ အရိပ်၌ ဝမ်းမြောက်ဝမ်းသာ သီဆိုကျူးအေးပါ၏။-
- 8 အကျွန်ုပ်သည် ကိုယ်တော့်ကို ဖက်တွယ်ပါ၏။ ကိုယ်တော်၏ ညာလက်ရုံးတော်သည် အကျွန်ုပ်ကို ထောက်မတော်မူပါ၏။
- 9 အကျွန်ုပ်၏ အသက်ဘေးကို ရန်ရှာကြသောသူတို့သည် ဖျက်ဆီးခြင်းခံကြရလိမ့်မည်။ သူတို့သည် ကမ္ဘာမြေကြီး၏ အောက်နက်ရှိုင်းရာသို့ ဆင်းရကြလိမ့်မည်။-
- 10 သူတို့သည် ဓားဖြင့် အဆုံးစီရင်ခြင်းခံရန် အပ်နှံခံရပြီး တောခွေးတို့၏အစာ ဖြစ်ကြရလိမ့်မည်။-
- 11 ဘုရင်မင်းမြတ်မူကား ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ ကိုယ်တော့်ကို တိုင်တည်၍ ကျိန်ဆိုသူအပေါင်းတို့ သည်လည်း ထင်ပေါ်ကျော်ကြားကြလိမ့်မည်။ မုသားပြောသူတို့၏ နှုတ်များကိုလည်း ပိတ်စေလိမ့်မည်။
-
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos

Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.